Myanmar Union Night 2026
Schedule
Sat, 25 Jul, 2026 at 12:00 pm to Sun, 26 Jul, 2026 at 10:00 pm
UTC-04:00Location
Riverside Park | Buffalo, NY
Advertisement
“ဆယ့်နှစ်လရာသီ ပွဲတော်စုံညီ တူဆင်နွှဲကြ ယူနီယံည”ဘဖဲလိုး မြို့နေ့ မြန်မာနွယ်ဖွားတိုင်းရင်းသား ညီအကို မောင်နှမ များရဲ့ Myanmar Union Night 2026 ပွဲတော်ကြီးကိုဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၅) ရက် စနေနေ့ နဲ့ ဇူလိုင်လ (၂၆) ရက်နေ့ တနင်္ဂနွေနေ့များမှာ နယူးယောက်ပြည်နယ်၊ ဘဖဲလိုးမြို့ရဲ့ Riverside Park မှာ ခမ်းခမ်းနားနား စည်စည်ကားကား ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ဒီတစ်နှစ် မှာဆိုရင်ဖြင့် “ဆယ့်နှစ်လရာသီ ပွဲတော်စုံညီ တူဆင်နွှဲကြ ယူနီယံည” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ ဆယ့်နှစ်လရာသီပွဲတော်တွေကို အမေရိကန်မြေပေါ် အရောက်သယ်လာကာ မျိုးဆက်သစ် လူငယ်များဆီသို့ လက်ဆင့် ကမ်းသွားမှာ ပဲ ဖြစ်ပါတယ်။ ရိုးရာ ယဥ်ကျေးမှု အကအလှတွေ၊ တေးသီချင်း သီဆိုဖျော်ဖြေမှုတွေ ပါဝင်သွားမှာ ဖြစ်ပြီး ရိုးရာအစားသောက်နဲ့ အသုံးအဆောင် ရောင်းချမည့် ဈေးဆိုင်ခန်းတွေလည်း ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ရဲ့ နေရာအသီးသီးမှာ နေထိုင်ကြတဲ့ မြန်မာနွယ်ဖွား တိုင်းရင်းသား ညီအကို မောင်နှမများကိုလည်း Myanmar Union Night 2026 ပွဲတော်မှာ ဝင်ရောက် ပါဝင် ဆင်နွှဲဖို့ရာ အလေးအနက်ထားလို့ ဖိတ်ကြားအပ်ပါတယ်။ Buffalo Myanmar Association Page ကနေ တဆင့်လည်း Myanmar Union Night 2026 နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ထပ်မံ တင်ဆက်ပေးသွားမှာဖြစ်တဲ့ အတွက် ဆက်လက်စောင့်မျှော် ပေးကြဖို့အတွက်လည်း မေတ္တာ ရပ်ခံအပ်ပါတယ်။
လေးစားစွာဖြင့်
Buffalo Myanmar Association
“Twelve Months of Festivals: Celebrating Together”
The Myanmar Union Night 2026 will be grandly celebrated on Saturday, July 25, and Sunday, July 26, 2026, at Riverside Park in Buffalo, New York. Organized by the Buffalo Myanmar Association, this event is a joyful gathering for all Myanmar brothers and sisters to celebrate collectively.
This year’s theme, “Twelve Months of Festivals: Celebrating Together,” aims to bring the rich traditions of Myanmar’s seasonal festivals to American soil and pass these cultural heritages down to the younger generation. The festival will feature traditional cultural dances and musical performances, alongside vibrant stalls offering authentic Myanmar food and traditional merchandise.
We warmly invite all Myanmar brothers and sisters living across the United States to join us and participate in the Myanmar Union Night 2026. We will continue to share more updates regarding the event on the Buffalo Myanmar Association page, so please stay tuned for more information.
Respectfully,
Buffalo Myanmar Association
Advertisement
Where is it happening?
Riverside Park, Buffalo, New York, United StatesEvent Location & Nearby Stays:
Know what’s Happening Next — before everyone else does.












