MedMusic in the Park 2026

Schedule

Sat Nov 28 2026 at 04:00 pm to 06:00 pm

UTC+07:00
Location

Benjakitti Park , Sukhumvit | Bangkok, BM

Advertisement
� MedMusic in The Park 2026(Benchakitti Park) – ပွဲသို့ သွားရောက်အပန်းဖြေဖို့ ကြိုတင်စာရင်းသွင်းရန် လမ်းညွှန်ချက် �
MedPark Hospital မှ ကျင်းပမည့် MedMusic in The Park 2026 ပွဲတော်သို့ တက်ရောက်လိုသူများအတွက် ကြိုတင်စာရင်းသွင်းပုံ အဆင့်ဆင့်ကို အောက်ပါအတိုင်း လွယ်ကူစွာ ရှင်းပြပေးထားပါတယ်။
� Register Link
� https://medpark.hospital/2026MedMusic6
အဆင့် (၁) – စာရင်းသွင်းစာမျက်နှာသို့ ဝင်ရောက်ပါ
Link ကို နှိပ်ပြီး “Reserve a Spot” ကို နှိပ်ပါ။
အဆင့် (၂) – “Register” ကို နှိပ်ပါ
� သတိပြုရန် – တစ်ကြိမ်လျှင် တစ်ဦးစာသာ စာရင်းသွင်းလို့ရပါတယ်။ လက်မှတ်အရေအတွက်ကို ပြောင်းလဲ၍ မရပါ။ တစ်ဦးစာ စာရင်းသွင်းပြီးပါက နောက်ထပ်တက်ရောက်သူတစ်ဦးကို ထပ်မံစာရင်းသွင်းနိုင်ပါတယ်။
အဆင့် (၃) – စာရင်းသွင်းသူ (Registrant) အချက်အလက် ဖြည့်ပါ
အချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်ပါ။ စာရင်းသွင်းမှု အတည်ပြုချက်နှင့် E-Ticket (QR code) ကို Contact Information တွင် ထည့်သွင်းထားသော Email လိပ်စာသို့ ပို့ပေးပါမယ်။ အချက်အလက်များ မှန်မမှန် ပြန်စစ်ပြီး “Register” ကို နှိပ်ပါ။
အဆင့် (၄) – တက်ရောက်သူ (Ticket Holder) အချက်အလက် ဖြည့်ပါ
ဒီအဆင့်မှာ တက်ရောက်သူ၏ အချက်အလက်များကို အင်္ဂလိပ်ဘာသာဖြင့် ဖြည့်ပါ။
ဒီနေရာမှာ ထည့်သွင်းသော အမည်သည် E-Ticket ပေါ်တွင် ပေါ်လာမှာ ဖြစ်ပါတယ်။
� ကိုယ်တိုင်အတွက် စာရင်းသွင်းမယ်ဆိုလျှင် – “Copy buyer information” ကို နှိပ်လိုက်ရုံပါပဲ။
� အခြားသူအတွက် စာရင်းသွင်းမယ်ဆိုလျှင် – တက်ရောက်မယ့်သူ၏ အမည်အပြည့်အစုံ၊ ဖုန်းနံပါတ်နှင့် လိုအပ်သော အချက်အလက်အားလုံးကို ဖြည့်ပါ။
လိုအပ်သော အကွက်အားလုံး ဖြည့်ပြီးပါက “Complete order” ကို နှိပ်ပြီး QR code ကို ရယူပါ။
အဆင့် (၅) – E-Ticket / QR Code ကို စစ်ဆေးပါ � အရေးကြီးပါတယ်
“Take me to my tickets” ကို နှိပ်ပြီး E-Ticket/QR Code ကို ကြည့်ရှုနိုင်ပါတယ်။ လက်မှတ်ကို စာရင်းသွင်းသူနှင့် တက်ရောက်သူ နှစ်ဦးစလုံးထံ Email ဖြင့် ပို့ပေးမှာဖြစ်ပြီး Email ခေါင်းစဉ်မှာ “Order Confirmation for MedMusic in The Park 2026” ဖြစ်ပါတယ်။
အဆင့် (၆) – E-Ticket / QR Code ကို သိမ်းဆည်းထားပါ
� QR Code ကို Screenshot ရိုက်ထားပါ၊ သို့မဟုတ်
� “Download tickets” ကို နှိပ်ပြီး PDF File ကို ဖုန်းထဲတွင် သိမ်းထားပါ။
အဆင့် (၇) – ပွဲသို့ ဝင်ရောက်ခြင်း
ပွဲနေ့တွင် Main Entrance (Duangpitak Road ပေါ်ရှိ Gate 5) တွင် E-Ticket ပေါ်ရှိ QR code ကို ပြသပြီး လက်ကောက်ဝတ်ပတ်ကြိုး (wristband) ကို ရယူပါ။ ပွဲသို့ ဝင်ရောက်ခွင့်ကို ညနေ ၄:၀၀ နာရီ မှ စတင်ပါမယ်။
� အထူးသတိပြုရန်
အမည် (First name / Last name) ကို အင်္ဂလိပ်စာလုံးဖြင့်သာ ရေးသွင်းပါ။ မဟုတ်ပါက သင့်အမည်သည် စာရင်းသွင်းစနစ်ထဲတွင် ပေါ်လာမည် မဟုတ်ပါ။
� ကိုယ်ချစ်ခင်နှစ်သက်ရတဲ့ သူတွေကို ခေါ်ဆောင်လာပြီး ဂီတသံစဉ်တွေနဲ့ ပျော်ရွှင်စရာအချိန်တွေကို MedPark Hospital နဲ့အတူ ခံစားကြရအောင်! �
#MedParkHospital #MedMusicInThePark2026 #MedParkHospitalMyanmar #MedParkဆေးရုံ
Advertisement

Where is it happening?

Benjakitti Park , Sukhumvit, Bangkok, Thailand

Event Location & Nearby Stays:

Know what’s Happening Next — before everyone else does.
CureConnect Medical Tourism
Host or PublisherCureConnect Medical Tourism

Ask AI if this event suits you