သင်္ကြတူရကီခရီးစဉ်

Schedule

Wed, 22 Apr, 2026 at 12:00 am

UTC+06:30

Location

Thingangyun | Yangon, YA

Advertisement
🇹🇷 Turkiye (တူရကီ) ၇ ညအိပ် 8 ရက် ခရီးစဉ်သစ်
ခရီးစဉ်မှာအောက်ပါအတိုင်းဖြစ်ပါတယ်။
ခရီးစဉ်ကို အချိန်မီစာရင်းသွင်းသူ ပထမဆုံး (၁၀) ဦးအတွက် 10% Discount အထူးအခွင့်အရေး ပေးအပ်သွားမည်ဖြစ်ပြီး ယင်းလျှော့စျေးအခွင့်အရေးမှာ 31.1.2026 နေ့အထိသာ အကျုံးဝင်မည်ဖြစ်ပါသည်။
📅 ခရီးစဉ်ကာလ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်မှ ၂၃ ရက်အထိ
✈️ Day 1 (14 APR): ရန်ကုန်မှ စတင်ထွက်ခွာခြင်း
• ည (၂၀:၄၅) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ 8M 372 လေယာဉ်ဖြင့် စတင်ထွက်ခွာပါမည်။
🛬 Day 2 (15 APR): Istanbul (SAW) သို့ ရောက်ရှိခြင်း – Bolu သို့ ခရီးဆက်ခြင်း
🍽️ (နေ့လယ်စာ / ညစာ)
• မွန်းလွဲ (၁၂:၁၀) နာရီတွင် အစ္စတန်ဘူလ်မြို့၏ Sabiha Gökçen (SAW) လေဆိပ်သို့ ဆိုက်ရောက်ပါမည်။
• လေဆိပ်တွင် ဧည့် လမ်းညွှန် မှ နွေးထွေးစွာ ကြိုဆိုြပီးနောက် သဘာဝအလှအပများဖြင့် သာယာလှပသော Bolu မြို့သို့ ခရီးဆက်ပါမည်။
• Bolu ရှိ ဟိုတယ်တွင် ညစာသုံးဆောင်ပြီး အနားယူတည်းခိုရပါမည် ။
🏔️ Day 3 (16 APR): Bolu – Erciyes – Cappadocia
🍽️ (မနက်စာ / နေ့လယ်စာ / ညစာ)
• ဟိုတယ်တွင် မနက်စာ သုံးဆောင်ပြီးနောက် နှင်းဖုံးတောင်တန်းများရှိရာ Erciyes Ski Resort သို့ ထွက်ခွာပါမည်။
• လမ်းခရီးတွင် အလွန်လှပသော Salt Lake (Tuz Gölü) ဓာတ်ပုံရိုက်ရန် ခေတ္တရပ်နားပါမည်။
• Erciyes တွင် နေ့လယ်စာစားပြီး Cable Car စီးရင်း တောင်တန်းအလှများကို ခံစားပါမည်။
• ညနေပိုင်းတွင် ထူးခြားဆန်းပြားသော ရှုခင်းများရှိရာ Cappadocia သို့ ရောက်ရှိကာ
ညစာသုံးဆောင်ပြီး အနားယူရပါမည်။
🎈 Day 4 (17 APR): Cappadocia မြို့၏ အလှအပများကို အပြည့်အဝခံစားခြင်း
🍽️ (မနက်စာ / နေ့လယ်စာ / ညစာ)
• Optional: မနက်အစောပိုင်းတွင် 🌅 ကမ္ဘာကျော် Hot Air Balloon (မိုးပျံပူဖောင်း) စီးရင်း နေထွက်ချိန်အလှကို ခံစားနိုင်ပါသည် 🎈
• ထို့နောက် မြေအောက်မြို့တော် Underground City, Goreme Valley နှင့် Uchisar ခံတပ် တို့သို့ လည်ပတ်ရပါမည် 🏰
• ရိုးရာအိုးလုပ်ငန်း၊ လက်လုပ်ကော်ဇောစက်ရုံနှင့် ကျောက်မျက်ရတနာဆိုင်များသို့လည်း သွားရောက်လေ့လာရပါမည်။
🕌 Day 5 (18 APR): Cappadocia – Konya – Pamukkale
🍽️ (မနက်စာ / နေ့လယ်စာ / ညစာ)
• မနက်စာ သုံးဆောင်ပြီးနောက် 🛣️ ရှေးဟောင်းပိုးလမ်းမကြီးပေါ်ရှိ Caravanserai (ကုန်သည်စခန်းဟောင်း) သို့ သွားရောက်ရပါမည်။
• Konya မြို့ရှိ ထင်ရှားသော Mevlana Museum သို့ ဝင်ရောက်လေ့လာပြီးနောက် Pamukkale သို့ ခရီးဆက်ပါမည်။
• Pamukkale ရှိ Thermal ဟိုတယ် တွင် ညစာသုံးဆောင်ပြီး အနားယူပါမည်။
🤍 Day 6 (19 APR): Pamukkale – Bursa
🍽️ (မနက်စာ / နေ့လယ်စာ / ညစာ)
• “ဝါဂွမ်းရဲတိုက်” ဟု ခေါ်ကြသော Cotton Castle နှင့် Hierapolis မြို့ဟောင်း သို့ လည်ပတ်ပါမည် 🏛️
• ထို့နောက် အော်တိုမန်အင်ပါယာ၏ မြို့တော်ဟောင်း Bursa သို့ ထွက်ခွာကာ Green Mosque နှင့် Green Tomb တို့သို့ သွားရောက်ပါမည် 🕌
🚢 Day 7 (20 APR): Bursa – Istanbul
🍽️ (မနက်စာ / နေ့လယ်စာ / ညစာ)
• Bursa မြို့ရှိ Grand Mosque နှင့် Tophane သို့ လည်ပတ်ပြီးနောက် Istanbul သို့ ပြန်လည်ဝင်ရောက်ပါမည်။
• 🌉 Bosphorus ရေလက်ကြား တွင် ပုဂ္ဂလိကစက်လှေဖြင့် သင်္ဘောစီးရင်း မြို့အလှအပများကို ခံစားပါမည်။
• Spice Bazaar တွင် ဒေသထွက်ပစ္စည်းများနှင့် အမွှေးအကြိုင်များကို စိတ်ကြိုက်ဈေးဝယ်ပါမည်။
🏙️ Day 8 (21 APR): Istanbul မြို့ဟောင်း လေ့လာရေး
🍽️ (မနက်စာ / နေ့လယ်စာ / ညစာ)
• Blue Mosque, Hippodrome နှင့် Hagia Sophia တို့ကို ကြည့်ရှုလေ့လာရပါမည် 🕌
• အော်တိုမန်ဆူလတန်များ နေထိုင်ခဲ့ရာ Topkapi Palace (Harem အပါအဝင်) သို့ ဝင်ရောက်လေ့လာပါမည် 👑
• 🛒 Grand Bazaar တွင် နောက်ဆုံးအမှတ်တရပစ္စည်းများ ဝယ်ယူလို့ရပါမည်။
✈️ Day 9 (22 APR): Istanbul – ပြန်လည်ထွက်ခွာခြင်း
🍽️ (မနက်စာ / ညစာ)
• မနက်ပိုင်းတွင် ကိုယ်ပိုင်အချိန်အဖြစ် အနားယူလို့ရပါမည် ☕
• ညနေပိုင်းတွင် Ayyub Sultan Mosque သို့ သွားရောက်ပြီး Pierre Loti Hill သို့ ကေဘယ်ကားစီးကာ မြို့အလှကို ကြည့်ရှုရပါမည်။
• Taksim Square နှင့် Istiklal Street တွင် လည်ပတ်ပြီးနောက် အစောပိုင်းညစာ သုံးဆောင်ပါမည် 🍽️
• ည (19:00) နာရီတွင် SAW လေဆိပ်သို့ ပို့ဆောင်ပေးပြီး
✈️ (22:00) လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာပါမည်။
ခရီးစဉ်ကို အချိန်မီစာရင်းသွင်းသူ ပထမဆုံး (၁၀) ဦးအတွက် 10% Discount အထူးအခွင့်အရေး ပေးအပ်သွားမည်ဖြစ်ပြီး ယင်းလျှော့စျေးအခွင့်အရေးမှာ 31.1.2026 နေ့အထိသာ အကျုံးဝင်မည်ဖြစ်ပါသည်။
အသေးစိတ်အတွက် 09250407561 ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Advertisement

Where is it happening?

Thingangyun, Dagon, Yangon, Burma

Event Location & Nearby Stays:

Icon
Know what’s Happening Next — before everyone else does.
Kyone Doe Travel & Tour

Host or Publisher Kyone Doe Travel & Tour

Ask AI if this event suits you:

Discover More Events in Yangon

Health Care
Tue, 05 May at 12:00 am Health Care

235,Than Thu Mar Road, Thingangyun Township, Yangon, Burma (Myanmar) Near Dental University, Yangon, Myanmar

HEALTH-WELLNESS
The Second Myanmar International Beauty Expo
Fri, 08 May at 10:30 pm The Second Myanmar International Beauty Expo

Yangon Convention Centre

BUSINESS EXHIBITIONS
BULID-SMART EXPO 2026
Fri, 15 May at 09:00 am BULID-SMART EXPO 2026

JD Solar Myanmar, No.291, 4/6 Byamaso Road, 6 Ward, South Okkalapa, Eastern District, Yangon, 11019, Myanmar, 11091

BUSINESS EXHIBITIONS
Danang \u2013 Bana Hills \u2013 Hoi An \u2013 Hue 4D3N Tour (1\u20134 April 2026)
Wed, 01 Apr at 08:00 am Danang – Bana Hills – Hoi An – Hue 4D3N Tour (1–4 April 2026)

No.34, 1st Floor, Ohn Pin Street, Kyimyindine Township, Yangon, Myanmar

What's Happening Next in Yangon?

Discover Yangon Events