မီးလျှံကြားက ဆူးနှင်းဆီ
Schedule
Wed, 13 Jul, 2022 at 02:30 pm
Location
online | Online
Advertisement
?မီးလျှံကြားက ဆူးနှင်းဆီ?ဒီတစ်ခေါက် Now Tisanart Myanmar Fan နဲ့ CH XI Entertainment World တို့ ၄ကြိမ်မြောက်ထပ်မံပူးပေါင်းတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းတွဲကောင်းလေးကတော့ 2014 ခုနှစ်မှာ Rating ကောင်းကောင်းနဲ့ အောင်မြင်ခဲ့တဲ့ "မီးလျှံကြားက ဆူးနှင်းဆီ"(Kularb Len Fai) ဆိုတဲ့ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်❗
?Main Cast တွေအနေနဲ့
သရိုင် အဖြစ် Vee Veraparb Suparbpaiboon
အွမ် အဖြစ် Now Tisanart Sornsuek
မင့် အဖြစ် Stephany Auernig
ဒေါင် အဖြစ် Bo Thunyasupan Jirapreechanon
တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်
?ဇာတ်လမ်းအကျဉ်း?
?ဥစ္စာပေါ ရုပ်ချောပြီး အနုပညာလောကထဲကလဲဖြစ်လို့ ချူချင်သူတွေဝိုင်းဝိုင်းလည်နေတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်၊ ချစ်သူတွေဝိုင်းဝိုင်းလည်တဲ့အပြင် ပွေရှုပ်တတ်သူကြီး သရိုင်....
?သူငယ်ချင်းတွေကို အမြဲတမ်းချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးရှိစေချင်သူ၊ သူငယ်ချင်းတွေကိုအမြဲဦးစားပေးတတ်သူ သူငယ်ချင်းတွေအပေါ်အနစ်နာခံချစ်တတ်သူ အွမ်....
?အမြဲတမ်း ဖျတ်လက်တက်ကြွပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူ၊ သူငယ်ချင်းတွေကိုထိပါးလာသူတွေအပေါ် အမြဲလက်တုံ့ပြန်ရန်တွေ့တတ်သူ၊ လိုချင်တာကို မရရအောင်ယူတတ်သူ မင့်....
?ပင်ကိုယ်စရိုက်က အနေအေးပြီး အားငယ်ကြောက်ရွံ့တတ်သူ၊ အနေအေးသလောက် သဘောကျမိတဲ့သူအပေါ် အစွဲအလမ်းကြီးပြီ အချစ်ကြီးချစ်တတ်သူ ဒေါင်....
?ဒီလို မတူညီတဲ့ စရိုက် ၃မျိုးနဲ့ပေမယ့် ငယ်ငယ်ကတည်းကအရမ်းချစ်ခင်တွယ်တာကြတဲ့ အွမ် ၊ မင့် နဲ့ ဒေါင်တို့ အချစ်ဆုံးသူငယ်ချင်း ၃ယောက်ရဲ့ဘဝထဲကို မိန်းကလေးတွေရဲ့အသည်းကိုညှို့ယူဖမ်းစားတတ်သူ သရိုင် ရောက်လာတဲ့အခါမှာတော့....
‼️အချစ်ဆုံး သူငယ်ချင်း ၃ယောက်ဟာ သရိုင့်ကိုမြင်မြင်ချင်းသဘောကျသွားခဲ့တဲ့အခါ ခင်မင်မှု သံယောဇဉ်တွေဟာ အချစ်ကြောင့်ပြိုကွဲသွားပြီး တစ်ယောက်နဲ့တစ်ယောက်ကြား ဘယ်လိုအားပြိုင်မှုတွေဖြစ်လာမလဲ....⁉️
‼️အချစ်ဆုံးတွေ မုန်းကြတဲ့အခါ ရှိခဲ့ဖူးတဲ့သံယောဇဉ်တွေနဲ့ ဖြစ်တည်လာတဲ့အနိုင်လိုချင်စိတ်တွေကြား ဘယ်အရာကအနိုင်ရသွားမလဲ....?
‼️အလှပဂေး ၃ယောက်ကြားမှာ သရိုင်ရွေးချယ်လိုက်တဲ့သူကဘယ်သူဖြစ်မလဲ....⁉️ ဆိုတာ
‼️စိတ်ဝင်စားဖွယ် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် "မီးလျှံကြားက ဆူးနှင်းဆီ"?
Translated by Now Tisanart Myanmar Fan
Reviewed & Encoded by Juu May Kyaw
Now Tisanart Myanmar Fan page နှင့် CH XI Entertainment World တို့ ပူးပေါင်းတင်ဆက်သည်
#မီးလျှံကြားကဆူးနှင်းဆီ
#nowtisanartmyanmarfan
#chxientertainmentworld
Advertisement
Where is it happening?
Online
Know what’s Happening Next — before everyone else does.