“Struggles and Resilience” Photo Exhibition
Schedule
Fri, 24 Oct, 2025 at 05:00 pm to Sun, 26 Oct, 2025 at 05:00 pm
UTC+07:00Location
10 Siri Mankalajarn Soi 9, Suthep, Chiang Mai, Thailand, Chiang Mai 50200 | Chiang Mai, CM
Advertisement
အခက်အခဲများကြားက ခံနိုင်ရည်စွမ်းအလှတရား “Struggles and Resilience” ဓာတ်ပုံပြပွဲဖွင့်ပွဲနေ့ | အောက်တိုဘာ ၂၄ ရက် ၊၂၀၂၅
အချိန် 🕔 ညနေ (၅)နာရီ − (၈) နာရီ
ဖွင့်ပွဲညမှာ မြန်မာ့မီးထွန်းပွဲလေးနဲ့အတူ ကတုံးလက်ဖက်ရည်ဆိုင်ရဲ့ နာမည်ကြီး နန်းကြီးသုပ်၊ အသုပ်မျိုးစုံ အပြင် အခြားမြန်မာအစားသောက်ဆိုင်တွေမှ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ကြာဆံချက်နဲ့အတူ အပြင် ဆနွင်းမကင်း၊ အုန်းနို့သာကူပြင်၊ မုန့်ပြားသလက်၊ ငချိတ်ပေါင်း စတဲ့ မြန်မာမုန့်မျိုးစုံအပါအဝင် အခြားမြန်မာအစားအစာမျိုးစုံကို ဝယ်ယူစားသုံးနိုင်မှာဖြစ်ပြီး လက်မှုပစ္စည်းတွေကိုလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဓာတ်ပုံပြပွဲ | အောက်တိုဘာ ၂၅ −၂၆ ရက် ၊၂၀၂၅
အချိန် 🕔 နံနက် (၉)နာရီ − ညနေ (၅) နာရီ
အခက်အခဲများကြားက ခံနိုင်ရည်စွမ်းအလှတရား “Struggles and Resilience” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဓာတ်ပုံပြပွဲကို လာမယ့် သောကြာနေ့ ကနေ တနင်္ဂနွေနေ့ အထိ ကျနော်တို့ Greenhouse Community Space မှာ ကျင်းပမှာဖြစ်ပါတယ်။
မြန်မာအစားအသောက်တွေ စိတ်ကြိုက်စားသောက်နိုင်မယ့်စျေးရောင်းပွဲနဲ့ အတူ မိတ်သစ်မိတ်ဟောင်းတွေ တွေ့ဆုံ ခံစားနိုင်မယ့် ဓာတ်ပုံပြပွဲဖြစ်တာမို့ လာရောက်အားပေးကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
နေ့ရက်🗓အောက်တိုဘာ ၂၄ -၂၆ ရက်၊
နေရာ 📍 Greenhouse Community Space ( 10 Siri Mangkalajarn Rd, Tambon Su Thep, Mueang Chiang Mai District, ChiangMai)
ဝင်ကြေး − အခမဲ့
Advertisement
Where is it happening?
10 Siri Mankalajarn Soi 9, Suthep, Chiang Mai, Thailand, Chiang Mai 50200Event Location & Nearby Stays:
Know what’s Happening Next — before everyone else does.




